အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတွေအတွက် မိသားစုဝင်တွေဆိုလည်း မမှားပါဘူး။ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်ကောင် ပျောက်သွားတဲ့အခါမှာ သခင်အများစုက လူအများအပြားကြည့်ရှူလေ့ရှိကြတဲ့ ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် အကူအညီတောင်းကြပါတယ်။ ဒါပေမယ့် တချို့တိရစ္ဆာန်လေးတွေကျတော့လည်း အွန်လိုင်းကနေ ရှာတာတောင် မတွေ့နိုင်ကြတော့ပဲ နယ်ကျွံကာ သခင်တွေနဲ့ ဝေးကွာသွားကြပါတယ်။ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ် ဘတ်တ်မြို့နေ ဇုစ်အမည်ရ ခွေးဘီလူးလေးတစ်ကောင်ကတော့ အခိုးခံခဲ့ရာကနေ ကံကောင်းထောက်မစွာနဲ့ သခင်ဆီ ပြန်လာနိုင်ခဲ့တာကို Boredpanda သတင်းအရ သိရပါတယ်။
ဇုစ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ သခင်ဖြစ်သူ ကတ်စန်ဒရာရဲ့ ပစ္စည်းအနည်းငယ်နဲ့အတူ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်ပတ်ခန့်မှာတော့ ဇုစ်ကို သခင်ဖြစ်သူရဲ့ နေအိမ်ကနေ မိုင် (၂,၀၀၀) ခန့်အကွာမှာ ပြန်လည် တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဇုစ်ကို ပြန်ရှာတွေ့အောင်လို့ အဖွဲ့အစည်းနှစ်ခုက ကူညီခဲ့တာ ဖြစ်ပါတယ်။ Many Paws Volunteer Transport နဲ့ Kanawha Charleston Humane Association တို့ပူးပေါင်းပြီး ဇုစ်ရှာဖွေရေး ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းနှစ်ခုစလုံးက စေတနာရှင် ၀န်ထမ်းပေါင်း(၁၅) ဦးဟာ ခရစ္စမတ်အမှီ ဇုစ်ကို ရှာဖွေနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
This is Zeus. He was stolen from his home in Montana a few months ago. Last week he was found over 2,000 miles away in West Virginia. Since many airlines ban pitbulls, a relay team of 30 volunteers drove him all the way home in time for Christmas. 15/10 for everyone involved pic.twitter.com/SiPVftrmL3
— WeRateDogs® (@dog_rates) December 24, 2019
အောက်မှာ တွေ့ရမှာကတော့ အခိုးခံရတဲ့ ဇုစ်ဖြစ်ပါတယ်။ အောက်တိုဘာလက အခိုးခံရတဲ့ဇုစ်ဟာ ဒီဇင်ဘာလမှာတော့ သခင်အိမ်ကို ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

သခင်မဖြစ်သူ ကတ်စန်ဒရာကတော့ ဇုစ်ကို နေအိမ်ကနေ မိုင်ပေါင်း (၂) ထောင်အကွာမှာ တွေ့ရှိခဲ့ကာ သူမရဲ့ ပျောက်ဆုံးနေတဲ့ ခွေးမှန်း အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

စေတနာရှင်ဝန်ထမ်းတွေကတော့ ဇုစ်ကို ပြည်နယ်ပေါင်း (၉) ပြည်နယ် ဖြတ်သန်းပြီး (၄) ရက်ကြာ ကားမောင်းလာခဲ့ကာ ဇုစ်ကို သခင်ဆီ ခေါ်လာခဲ့တာ ဖြစ်ပါတယ်။

အောက်မှာတော့ သခင်နဲ့ တွေ့ဆုံပြီးလို့ ပျော်နေတဲ့ ဇုစ်ကို တွေ့ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)